အခွန်တိုးရလျှင် ဝန်ထမ်းလစာ တိုးပေးနိုင်မည်ဟု သမ္မတကြီး ပြော

One News

Nov 19, 2026

အခွန်တိုးရလျှင် ဝန်ထမ်းလစာ တိုးပေးနိုင်မည်ဟု သမ္မတကြီး ပြော
0 Shares
17 Views

 

နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ တွက်ချက်နေပြီး အခွန်တွေ တိုးမြှင့်ရရှိလာရင် လာမယ့်ဘဏ္ဍာနှစ်မှာ တိုး‌ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။နိုဝင်ဘာလ ၁၈ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့ မူဝါဒတွေ၊ ရှေ့ဆက်ဆောင် ရွက်မယ့် လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်သမ္မတကြီးက အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

နိုင်ငံရဲ့စီးပွားရေးအခြေအနေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ GDP ဟာ အမေရိကန်ဒေါ် လာ ၈၃ ဒသမ ၁၇ ဘီလီယံလောက် ရှိခဲ့ပြီး အာဆီယံနိုင်ငံ ၁၁ နိုင်ငံထဲမှာတော့ အဆင့်(၇)ဖြစ်တယ်လို့ ဆိုပါ တယ်။ အခုဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ GDP ဟာ အမေရိကန်ဒေါ်လာ ၉၈ ဘီလီယံလောက် ရရှိမယ်လို့ မျှော်မှန်းပြီး ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတကြီးက ပြောပါတယ်။

မိမိတို့နိုင်ငံအတွက် ဝင်ငွေကို အခွန်အခကနေ ရရှိပြီး GDP နဲ့ ရရှိတဲ့အခွန်အခကို အချိုးချမယ်ဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅၅ ရာခိုင်နှုန်းလောက်ရှိကာ အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၅ ရာခိုင်နှုန်းလောက် ရရှိတယ်လို့ ဆိုပါတယ်။ အခုလို အခွန် Tax Base တိုးချဲ့ရာမှာ အခွန်ရှောင်တာတွေကို ဖော်ထုတ်နိုင်မယ်ဆိုရင် အခွန်လပ်မှု ရှိတော့မှာမဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လည်း မိမိမြို့နယ်၊ မြေပြင်တွေမှာ စိစစ်စေလိုတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခွင့်ပြုငွေ တိုးမြှင့်ဖို့ တင်ပြထား တာကို ခွင့်ပြုပေးလိုပေမယ့် ဝင်ငွေရတဲ့အပေါ် မူတည်ပြီး စရိတ်တိုးမြှင့်ရမှာဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ မိမိတို့အတွက်ပါ အထောက်အကူရအောင် အခွန်တိုးမြှင့်ရရှိရေး စိစစ်ပေးစေလိုတယ်လို့ နိုင်ငံတော် သမ္မတကြီးက ပြောကြားခဲ့ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ပြည်ထောင်စုလွှတ်တော်
သတင်း

အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်၏အကျိုးစီးပွားအတွက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သမ္မတကြီးပြော

One News

Nov 19, 2026 16

အစိုးရ‌အနေနဲ့ အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်ရဲ့အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကို အောင်မြင်အောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။