အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်၏အကျိုးစီးပွားအတွက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သမ္မတကြီးပြော

One News

Nov 19, 2026

အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်၏အကျိုးစီးပွားအတွက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သမ္မတကြီးပြော
0 Shares
17 Views


အစိုးရ‌အနေနဲ့ အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်ရဲ့အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကို အောင်မြင်အောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်ကကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအ‌ဝေးမှာ နိုင်ငံတော်ရဲ့ မူဝါဒတွေ၊ ရှေ့ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်သမ္မတကြီးက အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

အစိုးရအဖွဲ့‌အနေနဲ့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းဘဝ အတွေ့အကြုံတွေ၊ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး နိုင်ငံတော်အကျိုးအတွက် လိုအပ်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အဘက်ဘက်ကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း နိုင်ငံတော်သမ္မတကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ပြည်ထောင်စုလွှတ်တော်
သတင်း

အခွန်တိုးရလျှင် ဝန်ထမ်းလစာ တိုးပေးနိုင်မည်ဟု သမ္မတကြီး ပြော

One News

Nov 19, 2026 17

နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ တွက်ချက်နေပြီး အခွန်တွေ တိုးမြှင့်ရရှိလာရင် လာမယ့်ဘဏ္ဍာနှစ်မှာ တိုး‌ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။နိုဝင်ဘာလ ၁၈ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့ မူဝါဒတွေ၊ ရှေ့ဆက်ဆောင် ရွက်မယ့် လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်သမ္မတကြီးက အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။