တရုတ်နဲ့မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ဖို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့ ဇွန် ၉ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမမှာ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံသဘောတူညီချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအမံတွေကို ဆွေးနွေးခဲ့ပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံမှာ အလားအလာကောင်းတဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာ ဖွေ တူးဖော်ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံရေးနဲ့ ဆောင်ရွက်ဆဲ ကမ်းလွန် လုပ်ကွက်တွေမှာ ရှာဖွေတူးဖော်တဲ့ လုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် တရုတ် ကုမ္ပဏီတွေကို တွန်းအားပေး ကူညီဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းကနေ ရေနံစိမ်းတွေ ရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်း ပူး ပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက် စီမံကိန်း တွေမှာ ပါဝင်တဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ် တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။