အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇွန်လ ၁၆ ရက်က ဗြိတိန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ CNN သတင်းမှာ ပါရှိပါတယ်။ သဘောတူညီချက်ထဲမှာ ဗြိတိန်က သွင်းကုန် တွေအပေါ် စည်းကြပ်ခွန်အချို့ လျှော့ချပေးသွားမှာဖြစ်ပြီး တရားဝင်ကုန်သွယ်မှုသဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

ကနေဒါနိုင်ငံ G7 ထိပ်သီးအစည်းအဝေး အပြင်ဘက်မှာ ထရမ့်နဲ့ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ်အတွင်း ကြေညာ ထားတဲ့ သဘောတူညီချက်အရ ဗြိတိန်မော်တော်ကားတွေအပေါ် ခွဲတမ်းနဲ့ အခွန်နှုန်းထားတွေကို ထပ်မံအတည် ပြုခဲ့ပြီး ဗြိတိန် အာကာသယာဉ်ကဏ္ဍအပေါ် စည်းကြပ်ခွန်တွေ ဖယ်ရှားလိုက်ပေမယ့် သံမဏိနဲ့ အလူမီနီယံ အခွန်ပြဿနာကိုတော့ မဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ်။အမေရိကန်ဟာ ဗြိတိန်ကနေ တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးဖို့ ရည်ရွယ်ထားပေမယ့် အတိအလင်းဖြေလျှော့ဖို့ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။