အာဖရိကထုတ်ကုန်တွေ တရုတ်ဈေးကွက်ထဲ ပိုမိုဝင်ရောက်လာစေဖို့ တွန်းအားပေးတာနဲ့ နှစ်နိုင်ငံစီးပွားရေး ဆက်ဆံမှုမှာ အသစ်အဆန်းတွေ ဖန်တီးနိုင်ဖို့အတွက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်အကြီးတန်းသံတမန်တစ်ယောက်က ပြောပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယူနန်ခရိုင် ချန်းဆားမြို့မှာ ကျင်းပတဲ့ လေးကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနဲ့ ကုန်သွယ်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ မှတ်ချက်ပြု ပြောကြားခဲ့တာပါ။

တရုတ်ဟာ အာဖရိကရဲ့ အဓိကကုန်သွယ်ရေးမိတ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ယွမ် ၂၉၅ ဒသမ ၆ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာနရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း အာဖရိကနဲ့ တရုတ် နှစ်နိုင်ငံ စုစုပေါင်းပို့ကုန်သွင်းကုန်တန်ဖိုးက ယွမ် ၉၆၃ ဒသမ ၂၁ ဘီလီယံအထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာပါ။ အခုနှစ် ပထမ ၅ လအတွင်း အာဖရိကကို တရုတ်ရဲ့တင်ပို့ကုန်တန်ဖိုးက ယွမ် ၅၉၉ ဒသမ ၅၇၈ ဘီလီယံရှိခဲ့ပြီး အာဖရိကနေ တရုတ်ကို တင်သွင်းတဲ့ သွင်းကုန်တန်ဖိုးက ယွမ် ၃၆၃ ဒသမ ၆၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။