ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ EFR က သာမန်အစုရှယ်ယာတစ်စုကို အမြတ်ဝေစု ကျပ် ၇၀ ခွဲဝေပေးမယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ပါတယ်။

လာမယ့် စက်တင်ဘာ ၅ ရက်ကစပြီး ရှယ်ယာရှင်တွေကို အမြတ်ဝေစု ခွဲပေးမှာ ဖြစ်ပါတယ်။ အစုရှယ်ယာရှင်တွေ အနေနဲ့ EFR က ခွဲဝေပေးမယ့် အမြတ်ဝေစုကို မိမိတို့ ငွေချေးသက်သေခံလက်မှတ်စာရင်း ဖွင့်လှစ်ခဲ့တဲ့ လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကတစ်ဆင့် လက်ခံရရှိမယ်လို့ ဆိုပါတယ်။ EFR ကုမ္ပဏီဟာ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ Main Board မှာ ပါဝင် ဆောင်ရွက်နေတဲ့ အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ Pre –Listing Board မှာ လယ်ယာစိုက်ပျိုး ရေးကို အခြေခံတဲ့ကုမ္ပဏီတစ်ခုတို့က စတော့ရှယ်ယာတွေ နေ့စဉ် အရောင်းအဝယ် ဆောင်ရွက်နေပါတယ်။ပြီးခဲ့နှစ်အတွင်းက ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီအများစု ဝင်ငွေကောင်းခဲ့တာကြောင့် အခုနှစ်မှာ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုတွေ တက်လာနိုင်ဖွယ်ရှိတယ်လို့ စတော့ဈေးကွက်ကျွမ်းကျင်သူတချို့က သုံးသပ် နေကြပါတယ်။



