နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေရာ(၃)နေရာမှာ အဆင့်မြင့်အိမ်ရာစီမံကိန်းအဖြစ် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကနေ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဆင့်မြင့် အိမ်ရာစီမံကိန်းကို ဇမ္ဗူသီရိမြို့နယ်၊ပျဉ်းမနား-တောင်ညိုလမ်းအရှေ့ဘက် သုခတော်ဝင်အိမ်ရာ အနီးမှာ တစ်နေရာ၊ ပျဉ်းမနား-တောင်ညိုလမ်းအရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီးမှာ တစ်နေရာနဲ့ ဓနသိဒ္ဒိရပ်ကွက်၊ တော်ဝင်သီရိလမ်း အနောက်ဘက်မှာ တစ်နေရာ ဖော်ဆောင်မှာဖြစ်ပါတယ်။
အဲဒီနေရာတွေမှာ စီမံကိန်းအဖြစ် မြေဧရိယာတွေ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းတွေအတွက် စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်၊ကုမ္ပဏီတွေကိုလည်း စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တရားဝင်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။အဲဒီအဆိုပြုလွှာပုံစံကို ဒီဇင်ဘာလ(၁၂)ရက်နေ့ကစကာ ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူတွေ ပြသကာ လာရောက်ဝယ်ယူနိုင်ပြီး ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ နောက်ဆုံးထားတင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။