အမေရိကန်က အီရန်နျူကလီးယားစက်ရုံနေရာ ၃ နေရာကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဇွန်လ ၂၂ ရက်မှာ Bitcoin ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၉၉၂၃၇ ဝန်းကျင် ရောက်ရှိလာတယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ လနဲ့ နှိုင်းယှဉ်ရင် Bitcoin ဈေးနှုန်းက ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တာဖြစ်ပါတယ်။ Bitcoin ဆိုတာ ကမ္ဘာ ပေါ်မှာ အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုး ဖြစ်ပါတယ်။ Bitcoin ပြီးရင် ဒုတိယအကြီးဆုံး ဒစ်ဂျစ်တယ် ငွေကြေးတစ်မျိုးဖြစ်တဲ့ Ether ဈေးနှုန်းကတော့ ၈ဒသမ ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရပါတယ်။လက်ရှိမှာ Bitcoin ကို အစိုးရပိုင်းတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သာမန်ပြည်သူတွေကြားမှာ တွင်တွင် ကျယ်ကျယ် အသုံးပြု ခေတ်စားလာတာကို တွေ့ရပါတယ်။

Bitcoin နဲ့ Ether တို့ဟာ စီးပွားရေးသမားတွေအတွက် ရွှေကစားသလိုမျိုး၊ စတော့ကစားသလိုမျိုး ဈေးတက်တဲ့ အချိန်မှ ပြန်ရောင်းထုတ်မယ်ဆိုရင် အမြတ်အစွန်း အများကြီး ရရှိနိုင်တာပါ။ အခုအချိန်မှာဆိုရင် Bitcoin ကို သုံးစွဲသူဦးရေဟာ ကမ္ဘာတစ်ဝန်းမှာ သန်းပေါင်းများစွာရှိနေပြီး Cryptocurrency အဖြစ် လူသိများနေတာ ဖြစ်ပါတယ်။