မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်ကို ဇွန်လ ၂၅ ရက်က စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေအတွက် ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးတွေကို FX Trading Platform ကနေ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဇွန်လ ၅ ရက်ကလည်း CMP ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပါတယ်။FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ လက်ရှိဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၁၇ ကျပ်၊ တရုတ်ငွေ တစ်ယွမ် ကို ၅၅၀ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ၁၃၃ ဒသမ ၃၅ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။