မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာအုပ်စု၊ ရွာမွန်ကျေးရွာကနေ နတ်မောက်မြို့ဘက် အထွက်လမ်းမှာ ဧပြီလ ၂ ရက် ည ၈ နာရီခွဲအချိန်လောက်က ကား ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ကားမီးလောင်မှုဖြစ်တဲ့နေရာကို ရွာမွန်နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ မိနစ် ၄၀ အချိန်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့် ကားပေါ်ပါ အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး သေဆုံးရုပ်အလောင်းကို စိတ်ဓာတ်ဖြူစင် ဂရုဏာရှင်အသင်းက လူနာတင်ယာဉ်နဲ့ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။




