အီရန်စစ်ပွဲကြောင့် ရေကြောင်းနဲ့ စွမ်းအင် ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပြီး ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက် နေတယ်လို့ US news မှာ ဖော်ပြလာပါတယ်။ ပဋိပက္ခတွေ မြင့်တက်လာခြင်းက ကမ္ဘာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ကို သယ်ဆောင်နေတဲ့ ဟော်မုဇ် ရေလက်ကြားကို အဓိက အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ကြာရှည်စွာ မတည်ငြိမ်မှုကြောင့် ကမ္ဘာတစ်ဝန်းက ထောက်ပံ့ရေး တုန်လှုပ်ချောက်ချားမှုတွေ ၊ ငွေကြေး ဖောင်းပွမှု နဲ့ ကုန်စည်ပို့ဆောင်ခတွေ မြင့်မားလာစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ နဲ့ မူဝါဒချမှတ်သူတွေက အရှေ့အလယ်ပိုင်း ရေရှည်မတည်ငြိမ်မှု စီးပွားရေး အကျိုးဆက် တွေ ကို ချိန်ဆနေချိန်မှာ အီရန်ပါဝင်ပတ်သက်တဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု မြင့်တက်လာခြင်းက ကမ္ဘာ့ ဈေးကွက် အတွင်း စိုးရိမ်မှုတွေ တိုးပွားလာစေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲတိုက်ခိုက်မှုတွေအပြီး အီရန်က ရေကြောင်းသွားလာမှုကို ပိတ်ဆို့မယ်လို့ ခြိမ်း ခြောက်ပြီးနောက် စွမ်းအင်ဈေးကွက်တွေက လျင်မြန်စွာ မြင့်တက်လာခဲ့ကြတာပါ။ အာမခံကုမ္ပဏီတွေက အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေ အတွက် အာမခံကို ယာယီ ရပ်ဆိုင်း ထားပြီး ကုန်သည်တွေအတွက် ရေရှည်အနှောင့်အယှက်ဖြစ်နိုင်တဲ့ အန္တရာယ်ကို မျှော်မှန်း ထားသော ကြောင့် ရေနံစိမ်း ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။



