ဝဥကုန်ကြမ်းစိုက်ပျိုးမှုကနေ တန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်တဲ့ ဝဥကြာဆံ၊ ဝဥဆန် အပါအဝင် ဝဥကုန်ချော ထုတ် လုပ်မှုနဲ့ ရောင်းချမှုဆိုင်ရာ နည်းပညာဆွေးနွေးပွဲကို မတ်လ ၁၈ ရက်က ပြုလုပ်ခဲ့တယ်လို့ စက်မှုဝန်ကြီးဌာန ကနေ သိရပါတယ်။အဲဒီဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာချာလီသန်းက Virtual စနစ်နဲ့ တက်ရောက်ခဲ့ပါတယ်။

ဝဥဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအသောက်တစ်မျိုးဖြစ်တဲ့ အပြင် ပြည်တွင်း/ပြည်ပဈေးကွက်တွေမှာလည်း တဖြည်းဖြည်းလိုအပ်ချက်မြင့်တက်လာတဲ့ စိုက်ပျိုးသီးနှံတစ်မျိုး ဖြစ်ပါတယ်။ဆွေးနွေးပွဲမှာ ဝဥမျိုးကောင်းမျိုးသန့်ရရှိဖို့ ၊ စိုက်ပျိုးရေးနည်းပညာတွေ၊ အထွက်နှုန်းနဲ့ အရည်အသွေးမြှင့်တင်ရေး သုတေသန လုပ်ငန်းတွေ၊ ပြည်တွင်း/ပြည်ပဈေးကွက် သတင်းအချက်အလက်တွေအပြင် ကုန်ကြမ်းကနေ ကုန်ချောပြောင်း လဲထုတ်လုပ်ရာမှာ လိုအပ်တဲ့နည်းပညာတွေကို ဆွေးနွေးကြတာဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။

ဒါ့အပြင် ဝဥကုန်ကြမ်းကနေ ကုန်ချောပြောင်းလဲရာမှာ လိုအပ်တဲ့ဓာတ်ခွဲစမ်းသပ်မှုနဲ့ အရည်အသွေးထိန်းသိမ်းမှု နည်းပညာ၊ ဝဥမှာပါဝင်တဲ့ ယားယံစေတဲ့ Calcium Oxalate တွေကို နည်းပညာနဲ့ဖယ်ရှားနိုင်မဲ့နည်းလမ်းတွေ၊ ဝဥအခြောက်ခံ တဲ့ စက်ပစ္စည်းတွေ၊ ထုတ်ကုန်ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ လုပ်ငန်းထောက်ခံချက်ရယူနိုင်မဲ့ ကိစ္စရပ်တွေ၊ ဝဥရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေနဲ့ ဝဥထုတ်လုပ်ရောင်းချတာတွေကိုလည်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။အခုဆွေးနွေးပွဲဟာ သက်ဆိုင်ရာပညာရှင်တွေ၊ သုတေသနအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေအကြား အတွေ့အ ကြုံတွေကို ဖလှယ်နိုင်မဲ့ အခွင့်အလမ်းတစ်ခုဖြစ်တဲ့အပြင် ဝဥစိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်လာစေဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။




