မျိုးစေ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက မတ် ၇ ရက်မှာ ပြဋ္ဌာန်း ပါတယ်။အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ အခု ဥပဒေကို ပြဋ္ဌာန်း လိုက် တာပါ။

ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ မျိုးစေ့ဥပဒေမှာပါရှိတဲ့ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုတဲ့ စကားရပ်ကို စိုက်ပျိုးရေး ၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့ ဖော်ပြ ထားပါတယ်။ဒါ့အပြင် မျိုးစေ့ဥပဒေပုဒ်မ ၂၈ နဲ့ ၂၉ တို့မှာပါရှိတဲ့ ကျပ် တစ်ဆယ်သိန်းဆိုတဲ့ စကားရပ်ကို ကျပ်သိန်း သုံးဆယ် ဆိုတဲ့ စကားရပ်နဲ့ အသီးသီး အစားထိုးရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။




