(၂၀၂၆ )ခုနှစ်၊ မတ်လ(၁၅) ရက်မှာကျရောက်တဲ့ ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်း အနားကိုမကွေးမြို့ရှိ မြို့တော်ခန်းမမှာ မတ်လ၁၃ရက်က ကျင်းပြုလုပ်ခဲ့ပါတယ်။

ထုတ်ကုန်တွေဘေးကင်းလုံစိတ်ချမှုရှိစေဖို့၊ ဝန်ဆောင်မှုအခွင့်အရေးတွေမှန်ကန်စွာရရှိစေဖို့ ၊သတင်းအချက် အလက်တွေမှန်ကန်စွာရရှိစေဖို့၊ ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး နစ်နာမှုတွေရှိလာရင်တိုင်ကြားနိုင်ဖို့ စားသုံး တွေအနေနဲ့ စားသုံးသူဆိုင်ရာအခွင့်အရေးတွေကို သိရှိနားလည်ထားကြဖို့တို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျင်းပနေတာဖြစ်ပါတယ်။ အခမ်းအနားမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာစားသုံးသူအခွင့်အရေးဆိုင်ရာအထိမ်းအမှတ် video ကလစ်ပြသတာ၊ မကွေးတိုင်းဒေသကြီးစားသုံး ရေးရာဦးစီးဌာနကတာဝန်ရှိသူတွေက စားသုံးသူအခွင့်အရေးတွေကိုရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြ ပါတယ်။

စားသုံးသူတွေရဲ့အခွင့်အရေး၊ ထုတ်ကုန်ဘေးကင်လုံခြုံရေးတို့အတွက် အဓိကရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ မကွေးတိုင်းစားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးရဲမျိုးလွင်က ပြောပါတယ်။ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တာဝန်ရှိတွေ တက်ရောက်ခဲ့ကြပါတယ်။




