ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ မိုးသည်းထန်းစွာရွာသွန်းမှုတွေကြောင့် ဘုရင့်နောင်ဆန်ပွဲရုံရှိ ဆန်ဂိုထောင်တွေထဲကိုရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ဆန်အိတ်တွေရာနဲ့ချီနစ်မြုပ်နေတယ်လို့ ရွှေမိုးအဆင်မြင့်ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်၊၊
ဘုရင့်နောင်ဆန်ပွဲရုံရှိ ဆန်ဂိုထောင်အားလုံးနီးပါး ရေဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ရေတွေမကျသေးဘူးလို့သိရပါတယ်၊၊ ဆန်အိတ်တွေရေမြုပ်နေပေမယ့် ရန်ကုန်ဆန်စျေးကွက်အခြေအနေကတော့ လက်ရှိအချိန်ထိ ဈေးတက်သွားတာမျိုးမရှိသလို ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း ရွှေမိုးအဆင်မြင့်ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်၊၊
ရန်ကုန်ဆန်ဈေးကွက်မှာ လက်ရှိဈေးနှုန်းတွေကတော့ ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၀၆၀၀၀ ကနေ ကျပ် ၁၄၁၀၀၀ အထိရှိပြီးဆန်အကြမ်းတစ်အိတ်ကို ကျပ် ၈၃၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ ဝန်းကျင်အထိရှိတယ်လို့ ရွှေမိုးအဆင်မြင့်ဆန်ရောင်းဝယ်ရေးကနေသိရပါတယ်။