မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် နှမ်းစိုက်ခင်း ဧကပေါင်း (၇၄၀)ကျော် ရေကြီးနစ်မြုပ်ခဲ့တယ်လို့ မြို့နယ်လယ်ယာမြေ စီမံခန့်မှုကော်မတီက သိရပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ခွန်သာ၊ ကြီးကံ၊ ရွှေချောင်း၊ ကျောက်စစ်ပုံ၊ ကဒီး၊ ပန်းလွှား၊ ရေပုတ်နဲ့ ကုလားပါး ကျေးရွာအုပ်စုတွေက စိုက်ကွင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီကျေးရွာတွေက စိုက်ကွင်းပေါင်း(၂၃)ကွင်းရှိတဲ့ တောင်သူ(၂၀၀)ကျော်ရဲ့ ဆီထွက်သီးနှံ စိုက်ခင်းတွေဖြစ်တဲ့ နွေနှမ်း ၆၇၇ ဧကနဲ့ မိုးနှမ်း ၆၇ ဧက စုစုပေါင်း နှမ်းစိုက်ခင်း ၇၄၄ ဧကမှာ မိုးရေတွေ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ အခြေအနေတွေကို မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နဲ့ တာဝန်ရှိသူတွေက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုူံးမှု ဖြစ်နိုင်တဲ့ စိုက်ခင်းတွေမှာ သီးနှံအသစ် အစားထိုး စိုက်ပျိုးနိုင်ရေးနဲ့ ပြန်လည်ကုစားမဲ့ နည်းလမ်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။