မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းကကျေးရွာတွေမှာ အများဆုံးစိုက်ပျိုးကြတဲ့ ပြောင်းဖူးတွေဟာ အထွက်နှုန်းကောင်းပြီးစျေးကောင်းရနေတယ်လို့ ဒေသခံတောင်သူတွေဆီကသိရပါတယ်။ အောင်လံမြို့နယ်အတွင်း အများဆုံးစိုက်ပျိုးတဲ့ ပြောင်းဖူးမျိုးတွေက ပြောက်မျိုးနဲ့အဝါမျိုးတွေဖြစ်ပြီး တစ်ဧကမှာ စိုက်ပျိုးကုန်ကျစရိတ်က ကျပ်သိန်း ၂၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
အခုနှစ် ပြောင်းဖူးအထွက်နှုန်းက တစ်ဧကကို အဖူး တစ်သောင်းကျော်ထွက်ရှိပြီး ပြောင်းဖူးတစ်ဖူးကို ၃၅၀ ကျပ်ပေါက်စျေးရှိနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာတော့ အောင်လံမြို့နယ်ကထွက်ရှိတဲ့ပြောင်းဖူးတွေကို ပြောင်းဖူးကုန်သည်တွေက အခင်းပြတ်ဝယ်ယူကြပြီး ရန်ကုန်စျေးကွက်ကို အများဆုံးတင်ပို့နေတယ်လို့လည်း ဒေသခံတောင်သူတွေဆီကသိရပါတယ်။