ပြည်တွင်းရှိ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီစက်လုပ်ငန်းရှင် ၃၁ ယောက်ကို ကျပ်သန်း ၃၅၀၀ ကျော် ထုတ်ချေးပေးထားတယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု အဖွဲ့ကနေ သိရပါတယ်။
ဆီစက်လုပ်ငန်းရှင်တွေက ချေးငွေလျှောက်ထားမှုတွေကို ၂၀၂၂ ခုနှစ်က စတင်လက်ခံဆောင်ရွက်ခဲ့ရာ အခုနှစ် ဇူလိုင်လကုန်ထိ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဆီစက်လုပ်ငန်းရှင်တွေကို ထုတ်ချေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အနေနဲ့လည်း ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ငွေကျပ်ဘီလီယံ ၅၀ ချထားပေးပြီး ပြည်တွင်းရှိ ဆီစက်တွေမှာ အဆင့်မြင့် စက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်တာ၊ စက်ပစ္စည်းတွေ အဆင့်မြှင့်တင်တာ၊ ခေတ်မီ ဆီစက်အသစ်တွေ ထပ်မံတည်ဆောက်တာတွေအပြင် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်တွေ အတွက် အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေတွေ ထုတ်ချေးပေးနေတာလို့ သိရပါတယ်။
လုပ်ငန်းသုံးလည်ပတ်ရင်းနှီးငွေအတွက် ချေးငွေမှာ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ဖြစ်ပြီး မတည်ရင်းနှီးငွေအတွက် ချေးငွေမှာ အနည်းဆုံး ကျပ်သိန်း ၂၀၀ ကနေ ကျပ်သိန်း ၃၀၀၀ အထိ ဖြစ်တယ်လို့ သိရပါတယ်။