စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာ ၁၈ရက်ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
အဲ့ဒီကော်မရှင်မှာ စုစုပေါင်း(၁၆)ယောက်ပါဝင်ပြီး ကော်မရှင်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သီးခြားထုတ် ပြန်ပေးသွားမှာဖြစ်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။