စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်အနေနဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍအတွက်လိုအပ်တဲ့ မူဝါဒတွေချမှတ်ဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက ဒီဇင်ဘာ၂၇ရက်ကပြုလုပ်တဲ့ ကော်မရှင်ရဲ့ပထမအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့မူဝါဒတွေ၊ လယ်ယာသားငါးထုတ်ကုန်တွေ ထုတ်လုပ်မှုမြှင့်တင်ပြီး ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် လိုအပ်တဲ့မူဝါဒတွေ၊ လယ်ယာကဏ္ဍနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်နိုင်ရေးအတွက် ဆွဲဆောင်နိုင်တဲ့မူဝါဒတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်သလို တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်လုပ်ပေးတဲ့ MSMEလုပ်ငန်းတွေအတွက် အခြေခံလျှပ်စစ်မီးရရှိရေး၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရမယ်လို့ ဗိုလ်ချုပ်ကြီးညိုစောက ပြောပါတယ်။