မန္တလေးမြို့၊ ကျုံးမြောက်ဘက်ရှိ သုဓမ္မာဇရပ်တွေမှာ ငလျင်ဘေးသင့်ဒေသခံ ထောင်ဂဏန်းဝန်းကျင် ခိုလှုံနေ တယ်လို သိရပါတယ်။ အဲဒီခိုလှုံနေသူတွေဟာ မူလက ကျုံးဘေးပလက်ဖောင်းတွေမှာ ယာယီခိုလှုံနေကြသူတွေ ဖြစ်ပြီး ရာသီဥတု အခြေအနေကြောင့် ဧပြီ ၅ ရက် ညနေပိုင်းကစလို့ သုဓမ္မာဇရပ်တွေမှာ ပြောင်းရွှေ့ခိုလှုံနေကြ တာပါ။

လက်ရှိမှာတော့ သုဓမ္မာဇရပ်တွေမှာ ရပ်ကွက် ၅ ခုလောက်က လူဦးရေထောင်ဂဏန်းဝန်းကျင် ယာယီ နေထိုင် ခိုလှုံနေကြတာကို တွေ့ရပါတယ်။သုဓမ္မာဇရပ်တွေမှာ ခိုလှုံနေကြသူတွေအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက စီမံဆောင်ရွက် ပေးနေတယ်လို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်မြင့်က ပြောပါတယ်။

ရေရှည်ပြန်လည်ထူထောင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီပေးစေချင်တယ်လို့လည်း သုဓမ္မာဇရပ်တွေမှာ ယာယီခိုလှုံနေထိုင်နေတဲ့ ငလျင်ဒဏ်သင့် ပြည်သူတချို့က ပြောပါတယ်။ အဲဒီ့သုဓမ္မာဇရပ်မှာခိုလှုံနေကြသူတွေကို အလှူရှင်တွေက ရေ၊ စားစရာနဲ့ နေရာထိုင်ခင်းတွေ လာရောက်လှူဒါန်း ပေးနေသလို ကျန်းမာရေးဝန်ကြီးဌာနကလည်း ယာယီဆေးခန်းတွေ ဖွင့်လှစ်ပေးထားတာကို တွေ့ရပါတယ်။