တရုတ်နိုင်ငံက တင်သွင်းလာတဲ့ Yutong အမျိုးအစား EV Express ယာဉ်တွေနဲ့ လာမယ့် စက်တင်ဘာလ အကုန်မှာ စတင်ပြေးဆွဲပေးသွားမယ်လို့ ရာဇာမင်းခရီးသည်တင်ယာဉ်လိုင်းက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တော့ မှာယူထားတဲ့ EV လျှပ်စစ်ကားသစ်ကြီးတွေဟာ တရုတ်နိုင်ငံ ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
EV Express ခရီးစဉ်တွေကိုတော့ လာမယ့် စက်တင်ဘာ လကုန်မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွေအတွက် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို EV Express ယာဉ် ပြေးဆွဲတာဟာ စီးနင်းသူ ခရီးသည်တွေ ပိုမို သက်သောင့် သက်သာရှိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချဖို့ ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။