မန္တလေးငလျင်ကြီးဘေးဒဏ်သင့် မြို့နယ်တွေမှာ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ထပ် တိုးစာရင်းတွေ ကောက်ယူနိုင်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီထံ တင် ပြသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

ဇွန်လ ၈ ရက်က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းတဲ့ မန္တလေးငလျင်ဘေးဒဏ်သင့် မြို့နယ်တွေမှာ ထပ်တိုးစာရင်းတွေ ကောက်ယူတာ ရှိ၊ မရှိနဲ့ စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် စာရင်းကောက်ယူဖို့ ကျန်ခဲ့တဲ့ ပျက် စီး ဆုံးရှုံးမှု ထပ်တိုးစာရင်းတွေ ကောက်ယူပြီး ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ဖို့အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ တင်ပြသွားမယ်လို့ ဗိုလ်ချုပ်မင်းသူက ပြောပါ တယ်။

မန္တလေးငလျင်ကြီးဘေးဒဏ်သင့် မြို့နယ်တွေမှာ ထပ်တိုးစာရင်းတွေ ကောက်ယူနိုင်ဖို့အတွက် နိုင်ငံ တော်အကြီးအကဲတွေထံ တင်ပြပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ကနေ တစ်ဆင့် ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ပြည်သူလူထုရဲ့ တင်ပြချက်တွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကတစ်ဆင့် သိရှိချက်တွေအပေါ်မူတည် ပြီး ငလျင်ဘေးဒဏ်သင့် မြို့နယ်တွေမှာ ထပ်တိုးစာရင်းတွေ ကောက်ယူဖို့ လိုအပ်နေတာဖြစ်တယ်လို့ အမရပူရ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောပါတယ်။ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာတော့ ကြယ်ပွင့်ပြ မေးခွန်း ၅ ခု မေးမြန်းခဲ့ ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေက လာရောက် ရှင်းလင်း ဖြေကြားခဲ့ပါတယ်။



