လန်ဒန်မှာ နိုင်ငံရေးလက်ယာယိမ်းတွေထွန်းကားလာမှုကို မတ်လ ၂၈ရက်က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ Reutersသတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဆန္ဒထုတ်ဖေါ်သူထောင်ပေါင်းများစွာဟာ လက်ယာယိမ်းပြုပြင်ပြောင်းလဲရေးကို ရှုတ်ချတဲ့ ချီတက်ပွဲ အတွက် လန်ဒန်မြို့လယ်လမ်း တွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဗြိတိန် ဘရက်ဇစ် လှုပ်ရှားသူ နိုက်ဂျေဖရာ့ရှ်ရဲ့ပါတီဟာ သဘောထားစစ်တမ်းတွေမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

ဗြိတိန် မီဒီယာတွေမှာ ကိုးကားဖော်ပြထားတဲ့ ရဲအရာရှိတွေရဲ့ အဆိုအရ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့အတူ Together Alliance ဆန္ဒပြပွဲကို ခန့်မှန်းခြေ လူ ၅၀,၀၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒထုတ် ဖေါ်ပွဲနဲ့ ပါလက်စတိုင်းလိုလားတဲ့ နောက်ထပ်ဆန္ဒပြပွဲတစ်ခုတို့နဲ့ ဆက်စပ်ပြီး လူ၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။




