အီရန်စစ်ပွဲဟာ ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက မတ်လ ၂၇ ရက်က ပြောကြားခဲ့တာကို CNN သတင်းမှာဖော်ပြထားပါတယ်။ အမေရိကန်ကတော့ အီရန်အပေါ် သူရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ လများစွာမဟုတ်ဘဲ ရက်သတ္တပတ်တွေအတွင်း ပြီးဆုံးသွားဖို့ မျှော်လင့်ပြီး ဝါရှင်တန်ဟာ ရည်မှန်းချက်အားလုံးကို မြေပြင်တပ်တွေကို အသုံးမပြုဘဲ ဖြည့်ဆည်း နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ ဆော်ဒီအာရေဗျရှိ လေတပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက်က အီရန် တိုက်ခိုက်မှုတစ်ခု ကြောင့် အမေရိကန်စစ်ဘက်ဝန်ထမ်း ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အမေရိကန်က မြေပြင်တပ်ဖွဲ့တွေမပါဘဲ သူတို့ရည်မှန်းချက်တွေကို အောင်မြင်နိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် အများဆုံးရွေးချယ်နိုင်မှုနဲ့ အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာပါက ချိန်ညှိနိုင်ဖို့အတွက် တပ်ဖွဲ့ဝင် အချို့ကို နေရာချထားကြောင်းလည်း ဝန်ခံထားတာ ဖြစ်ပါတယ်။




