ငွေဒဏ်တွေ တိုးမြှင့်ထားတဲ့ မြေဩဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက မတ် ၇ ရက်မှာ ပြဋ္ဌာန်းပါ တယ်။အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အခု ဥပဒေကို ပြဋ္ဌာန်း လိုက်တာပါ။

မြေဩဇာဥပဒေမှာပါရှိတဲ့ “လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုတဲ့ စကားရပ်ကို “စိုက်ပျိုးရေး ၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မြေဩဇာဥပဒေပုဒ်မ ၃၆ မှာပါရှိတဲ့ “ငွေဒဏ် ကျပ် ၁၀ သိန်းအထိ ဖြစ်စေ” ဆိုတဲ့ စကားရပ်ကို “ငွေဒဏ် ကျပ်သိန်း ၃၀ အထိဖြစ်စေ” ဆိုတဲ့ စကားရပ်ဖြင့် အစားထိုးရမယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် မြေဩဇာဥပဒေ ပုဒ်မ ၃၇ မှာပါရှိတဲ့ “ငွေဒဏ်ကျပ် ငါးသိန်းအထိ ဖြစ်စေ” ဆိုတဲ့ စကားရပ်ကို “ငွေဒဏ် ကျပ် ၁၅ သိန်းအထိ ဖြစ်စေ” ဆိုတဲ့ စကားရပ်ဖြင့် အစားထိုးရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။




