ချီလီနိုင်ငံမှာ သြဂုတ်လအစောပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်ကြီးတွေပြိုကျပြီး အိမ်ခြေထောင် ပေါင်းများစွာ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီးနောက် အာဏာပိုင်တွေက ဆန်တီယာဂိုရဲ့ ဂြိုဟ်တုမြေပုံတွေ ဖြန့်ဝေပေးခဲ့ပါတယ်။

ချီလီရဲ့ သဘာဝအရင်းအမြစ် သတင်းအချက်အလက်စင်တာဟာ သစ်ပင်တွေက ကလိုရို ဖီးလ်အဆင့်ကို တိုင်းတာဖို့နဲ့ အသီးအရွက်တွေနဲ့ စိမ်းလန်းတဲ့ဧရိယာတွေရဲ့ ရှင်သန်မှုကို အကဲဖြတ်ဖို့ ဂြိုဟ်တု ခြေရာခံစနစ်ကို အသုံးပြုပါတယ်။ ဒီစောင့်ကြည့်စနစ်က ပျက်စီးမှုဒဏ်ခံနေရတဲ့ နေရာတွေကို ဖော်ထုတ်ရာမှာ လည်း အထောက်အကူဖြစ်စေပါတယ်။

စနစ်အရ၊ မြေပုံပေါ်မှာ အနီရောင်ပေါ်နေတဲ့ ဧရိယာတွေက အနီ ဒါမှ မဟုတ် အညိုနည်းတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုသန်စွမ်းတဲ့ အသီးအရွက်တွေကို ဖော်ပြပါတယ်။ ဩဂုတ်လ အစောပိုင်းက ဆန်တီယာဂိုမှာ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေနဲ့ ဓာတ်တိုင်အများအပြား ပြိုကျခဲ့ပြီး လူ ၇ သိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အထိ လျှပ်စစ်ဓာတ်အား ပြန်မရသေးတဲ့ အိမ်ထောင်စု ၁၄၀,၀၀၀ အတွက် ဓာတ်အား ပြန်လည်ရရှိရေး တောင်းဆိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ချီလီ သမ္မတ ဂါဘရီယယ်ဘောရစ်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီတွေကို မုန်တိုင်းဒဏ်ခံဒေသတွေမှာ ဓာတ်အားပြန်လည်ရရှိရေး အမြန်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။




