၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်က ရန်ကုန်တက္ကသိုလ်မှာ အထူးဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ချီးမြှင့်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A honoris Causa) ရရှိခဲ့တဲ့အတွက် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လက်ရှိမြန်မာနိုင်ငံမှာပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း/ ပြည်ပနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစိန်ခေါ်မှုတွေကို ဦးစီးဦးဆောင်စနစ်တကျဆောင်ရွက်နိုင်မှု၊ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ရှေ့ရှုဆောင်ရွက်မှုတွေ၊ နိုင်ငံတော်ရဲ့အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ကဏအသီးသီးမှာ ထူးချွန်ပြောင်မြောက်စွာ ကိုယ်ကျိုး စွန့်ဆောင်ရွက်နိုင်မှုတွေနဲ့ မြန်မာ့နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အလှည့် အပြောင်း သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ပြည်သူတွေရဲ့အထူးလိုလားတောင့်တနေတဲ့ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာတို့ ကြောင့် အခုလို ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ကို ရရှိခဲ့တဲ့အတွက် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးပါတီက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာတာဖြစ်တယ်လို့ဆိုပါတယ်။




