မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ်ဘော်ဒါဆောင်မှာ ဇန်နဝါရီ၂၂ရက်၊ နေ့လယ်၁နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အဲဒါဘော်ဒါဆောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့အဆောင်ဟာ Grade 12 ကျောင်းသား၃၇ယောက်နေထိုင်တဲ့ အဆောင်ဖြစ်ပြီး မီးလောင် မှုဖြစ်ပွားချိန်မှာ ကျောင်းသားတွေက ကျောင်းစာသင်ခန်းထဲမှာရှိနေတဲ့အတွက် မီးလောင်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ် ရာလုံးဝမရခဲ့ဘူးလိုလည်း ဆိုပါတယ်။အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို ပြင်ဦးလွင်ခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃စီး၊ ရေသယ် ယာဉ်၁စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ပြီး နေ့လယ်၁နာရီ၃၈မိနစ်အချိန်လောက်မှာတော့ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မီးလောင်မှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။




