တောင်ကိုရီးယားဟာ ဝေဖန်မှုများစွာခံနေရတဲ့ ဝက်ဝံသည်းခြေမွေးမြူရေးလုပ်ငန်းကို အခုအပတ်အတွင်း တရားဝင်အဆုံးသတ်မယ်လို့ ပြောကြားခဲ့တာကို CNN သတင်းမှာဖော်ပြထားပါတယ်။ ဝက်ဝံ ၂၀၀ ခန့်ကို ခြံတွေမှာ ဆက်လက်ထိန်းသိမ်းထားပြီး ဝက်ဝံ သည်းခြေအိတ်တွေ အတွက် တော့ဆက်လက် မွေးမြူနေဆဲဖြစ်တယ်လိုသိရပါတယ်။

တောင်ကိုရီးယားအခြေစိုက် ရာသီဥတု၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဝက်ဝံမွေးမြူခြင်း၊ ပိုင်ဆိုင်ခြင်းနဲ့ သည်းခြေထုတ်ယူခြင်းကို တားမြစ်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ တားမြစ်ချက်ကို ချိုးဖောက်ပါက ထောင်ဒဏ်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်သွားမှာဖြစ်ပြီး ဒါဟာ ပြန်လည်ပြင်ဆင်ထားတဲ့ တိရစ္ဆာန်အခွင့်အရေးကာကွယ်ရေးဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။




