မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ကွမ်းရှီးအသံနှင့်ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းတင်ဆက်တဲ့ ကဗျာနှလုံးသား တူယှဥ်သွား တရုတ်မြန်မာ ကဗျာရွတ်ဆိုပွဲအစီအစဉ်ကို ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio A မှာ ကျင်းပပါတယ်။အခမ်းအနားမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကွမ်းရှီးအသံနှင့်ရုပ်မြင်သံကြားဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် Ms.Zhengkui (မစ်စ် ကျန်းခွေ)က နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပါတယ်။

အဲဒီနောက် တရုတ်စာရေး ဆရာကြီး ရေးသားထားတဲ့ The Sight Of Father’ Back ကဗျာ video clip ကို တင်ဆက်တာ၊ ဆရာဇော်ဂျီရေးသားထားတဲ့ ပိတောက်ပန်းကဗျာ ရွတ်ဆိုတာ၊ တရုတ်ကျောင်းသားတွေရဲ့ အကြိုက်ဆုံး မြန်မာကဗျာအကြောင်း အင်တာဗျူး video ပြသတာနဲ့ သက်ဆိုင်သူ ထာဝရတည်ရှိပါစေ တရုတ်သီချင်းတို့ကို သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ဆက်လက်ပြီး တရုတ်ခေတ်သစ်ကဗျာ Pinglu Canal ကဗျာ video clip ကိုပြသပြီး ဆရာမငွေတာရီ ရေးသား ထားတဲ့ သာသည့်မြေသို့ကဗျာ ရွတ်ဆိုတာ၊ တရုတ်စာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေက အကြိုက်ဆုံး တရုတ်ကဗျာအကြောင်း အင်တာဗျူး video ပြသတာနဲ့ မြန်မာမိတ်ဆွေတွေအတွက် လက်ဆောင်ကဗျာတို့ကို ရွတ်ဆိုဖျော်ဖြေခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတို့ကို အင်တာဗျူးထားတဲ့ video ကို ပြသပြီး အချစ်ပြန်လာ တော့မယ်၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ ရိုးရှင်းသောဘဝ၊ အမှတ်တရ၊ လိုက်ဖက်တဲ့ဘဝ၊ ဖြေသိမ့်လိုက် သီချင်း တို့ကို တရုတ်ဘာသာစကားနဲ့ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။




