ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေဖို နိုဝင်ဘာလ (၂၆) ရက်နေ့ကစတင်ပြီး စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက် သက်သာတဲ့ ဈေးနှုန်းနဲ့ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက် သက်သာတဲ့ ဈေးနဲ့ ရောင်းပေးမှာဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ ရောင်းချပေးမယ့်နေ့မှာ အတိအကျ ထုတ်ပြန်ပေးမှာဖြစ်တယ်လို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ အခုလိုရောင်းချပေးတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတိုက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး စားသုံးသူ အိမ်ထောင်စုတွေစီကို၂၄ ပြည် အိတ်အကြီးကို အိမ်အရောက်ပိုစနစ်နဲ့ရောင်းပေးမှာဖြစ်သလို အိတ်အသေးကိုတော့ ရပ်ကွက်တွေ၊ ဈေးတွေမှာ သတ်မှတ်ရက်အလိုက် လှည့်လည်ရောင်းချပေးသွားမှာဖြစ်တယ်လို သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူတွေနဲ့ လက်လီဆိုင်တွေက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တိုနဲ့ ဆက်သွယ်ပြီး ပူးပေါင်းပါဝင်ဖို လိုအပ်တယ်လို အသိပေးထားပါတယ်။




