ရုရှားနိုင်ငံဟာ ၂၀၂၅ ခုနှစ်ကုန်မှာ ဈေးသက်သာပြီး ပျက်စီးလွယ်တဲ့ လျှောဗုံး ၁၂၀,၀၀၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ယူကရိန်းလုံခြုံရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီကိန်းဂဏန်း က ကျည်ဆန်အသစ်တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ ကျည်ဆန်နှစ်မျိုးလုံး ပါဝင်ပါတယ်။ အထူးသဖြင့် ကျူးကျော် နိုင်ငံဖြစ်တဲ့ရုရှားက အခုနှစ်ကုန်မှာ ကီလိုမီတာ၂၀၀ အထိ ပစ်ခတ်နိုင်တဲ့ ကျည်ဆန်အသစ် ၅၀၀ အထိ ထုတ်လုပ် ဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ယူကရိန်းထောက်လှမ်းရေး အစီရင်ခံစာအရ ယူကရိန်းကောင်းကင်ယံမှာ ရုရှားလေကြောင်းကနေ နေ့စဉ်ပစ်လွှတ် မှုက ဗုံးအလုံးရေ ၂၀၀ ကနေ ၂၅၀ အထိ မြင့်တက်လာပြီး ဒီဖြစ်စဉ်ဟာ ရုရှားဘက်က ရန်လိုတဲ့ လုပ်ရပ်တွေ မြင့် တက်လာတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။လေကြောင်း ဗုံးအကွာအဝေးကို ကီလိုမီတာ ၄၀၀ အထိ တိုးမြှင့်နိုင်မှုက ရုရှားလေယာဉ်တွေအနေနဲ့ တိုက်ခိုက် ရေးဇုန်ကို မဝင်ဘဲ ယူကရိန်းမြို့တွေကို ပိုမိုပစ်မှတ်ထားနိုင်ပြီး သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။




