မိမိတို့နိုင်ငံမှာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်တွေ နဲ့ လိုက်လျောညီထွေဖြစ် မယ့် ရှိသင့် ရှိထိုက်တဲ့ လူဦးရေဖြစ်ပေါ်လာစေဖို့ မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ လူဦးရေ မူဝါဒတွေကို ရေးဆွဲချမှတ်ပြီး မျိုးဆက် တစ်ခုစာ ကြိုတင်မျှော်တွေးကာ ပြင်ဆင်ဆောင်ရွက်သွားဖို့ လိုတယ်လို့ ဖြစ်တယ်လို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) မှာ ကျင်းပ ပြုလုပ်တဲ့ ၂ဝ၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာ ထုတ်ပြန်တဲ့ အ ခမ်းအနားမှာ တက်ရောက်အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

မိမိတို့နိုင်ငံရဲ့ လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာမှုတွေ မြင့်မားနေပေမဲ့ တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့တဲ့ အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ် ဦးရေဟာ လက်ရှိမှာ များပြားနေဆဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိမှာတော့ Demographic Bonus လို့ ခေါ်တဲ့ လူဦးရေဆုလာဘ်ရရှိနေဆဲ ကာလဖြစ်ပြီး လူဦးရေ ဆုလာဘ်ရရှိနိုင် တဲ့ အချိန်ကာလမကုန်ဆုံးမီ အဲဒီ လူငယ် လူရွယ်တွေကို နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ မှန်ကန် ထိ ရောက်စွာ အကျိုးရှိရှိ ဆောင်ရွက်နိုင်ဖို့ စီမံပေးဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူငယ်တွေကို မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးပြီး အခွင့်အလမ်းတွေ၊ မျှော်လင့် ချက်တွေ ဖန်တီးပေးတဲ့အခါမှာ အဲဒီလူငယ်တွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင်အားတွေ ဖြစ်လာတာကို တွေ့ရ မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီလိုမဟုတ်ဘဲ လူငယ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် Demographic Burden (လူဦးရေ ဝန်ထုပ်ဝန်ပိုး) နဲ့အတူ တည်ငြိမ် အေးချမ်းမှု လျော့နည်းလာနိုင်သလို အဆိုးဆုံး အခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်တယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်ပရွှေ့ပြောင်းတာတွေကလည်း မိမိတို့နိုင်ငံရဲ့ လူမှုစီးပွားရေး အခြေအနေ၊ နိုင်ငံရေး တည်ငြိမ်မှု၊ ပြည် တွင်းမှာ ရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် တည်မှီ နေတာ ကြောင့် မိမိတို့ နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မယ့် စီမံချက်တွေ ချမှတ် ဆောင်ရွက်သွားရမှာ ဖြစ် တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




