ဈေးကွက်အတွင်းပဲသွေး၊ပဲပြား၊မုန့်ဖတ်တွေမှာ တားမြစ်ဓါတုပစ္စည်းဖော်မလင်ကိုထည့်သွင်းရောင်းချတာတွေလုံးဝမလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင်အရေးယူမယ်လို့ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

ဖော်မလင်ထည့်သွင်းအသုံးပြုထားတဲ့အစားအသောက်တွေကိုစားသုံးမိပါကလတ်တလောမှာခေါင်းမူး၊ခေါင်းကိုက်တာ၊အော့အန်တာနဲ့ဗိုက်နာတာ၊အသက်ရှူရခက်ခဲတာ တွေဖြစ်စေပြီးရေရှည်စားသုံးမိရင်အစာအိမ်အနာဖြစ်တာ၊အသည်း၊ကျောက်ကပ်တွေပျက်စီးတာ၊ကင်ဆာရောဂါတွေပျက်စီးတာတွေဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင်ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ကလေးငယ်တွေမှာဖော်မလင်အဆိပ်သင့်မှုပိုမိုဖြစ်နိုင်ပြီးစားသုံးမိပါကသန္ဓေသားထိခိုက်တာနဲ့ကလေးသူငယ်ကြီးထွားမှုပြသနာတွေဖြစ်ပွားစေနိုင်တဲ့အတွက်စားသုံးမှုမပြုကြဖို့အသိပေးထားပါတယ်။

အစားအစာတွေမှာဖော်မလင်ထည့်သွင်းထားတာကိုတွေ့ရှိပါကအမျိုးသားအစားအသောက်ဥပဒေပုဒ်မ၂၈(က)အရထောင်ဒဏ်(၁၀)နှစ်နဲ့ငွေဒဏ်အဖြစ်ငွေကျပ်သုံးသိန်းမှသိန်းသုံးဆယ်အထိချမှတ်နိုင်တယ်လို့သိရပါတယ်။



