ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူ ဟာ စက်တင်ဘာ(၂၂)ရက်ကစပြီး အင်းလေးဒေသဝဲယာ(၂၁)ဌာနကို ဒေသစာရီ ကြွချီအပူဇော်ခံနေရာ အခု လက် ရှိမှာ ညောင်ရွှေမြို့နယ်ရှိ အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီစံကျောင်းတော်ကြီးမှာ အပူဇော်ခံနေပြီ ဖြစ်တယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာပြည်သူတွေ လာရောက်ဖူးမြော်နိုင်စေဖို့ ညောင်ရွှေမြို့ စံကျောင်းတော်မှာ စက်တင်ဘာ(၂၈)ရက်ကနေ စက်တင်ဘာ(၃၀)ရက် အထိ သုံးရက်တိုင်တိုင် ကိန်းဝပ်အပူဇော်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညောင်ရွှေမြို့မှာ အင်းလေးဖော်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ စံကျောင်းတော်ဝင်ပွဲနဲ့အတူ အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲတွေဖြစ်တဲ့ အမျိုးသား ၅၆ တက်၊ အမျိုးသမီး ၂၆ တက်၊ အမျိုးသားတစ်ဦးချင်း လှော်ခတ်ပြိုင်ပွဲ၊ ကျောင်းသား ၂၆ တက်၊ အမျိုးသားရာကျော် လှော်ခတ်ပြိုင်ပွဲ၊ လှေယာဉ်အလှပြပြိုင်ပွဲနဲ့ ဆွမ်းပို့လှေပြိုင်ပွဲတွေကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။




