တရုတ်နိုင်ငံမှာ ကျင်းပမဲ့ CHINA – ASEAN Esports Competition 2025 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စား ပြုအသင်းတွေ သွားရောက်ယှဉ်ပြိုင်ဖို့ စက်တင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF)က သိရပါတယ်။

ပြိုင်ပွဲကိုတော့ တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာ စက်တင်ဘာ (၁၇)ရက်ကနေ (၁၉)ရက်ထိ (၃)ရက်ကြာ ကျင်းပသွားမှာပါ။ အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် Ai Esports နဲ့ Team Ferox အသင်းတို့က Mobile Legends နဲ့ Valorant ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။CHINA-ASEAN Esports Competition 2025 (CAEC) ပြိုင်ပွဲမှာ မြန်မာအပါအဝင် တရုတ်၊ အင်ဒိုနီးရှား၊ တီမော၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အသင်းတွေ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။




