ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံး ပြန်လွှတ်ပေးရမယ့် သဘောတူညီမှု တစ်ရပ်ကို ဟားမာ့စ်အဖွဲ့ အနေနဲ့ လက်ခံရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဟားမာ့စ်အနေနဲ့ လက်နက်မချရင် အလုံးစုံပျက်စီးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဂါဇာနဲ့ နိုင်ငံခြား ဇိမ်ခံဟိုတယ်တွေမှာ ရှိနေတဲ့ ဟားမာ့စ် လူသတ်သမားတွေနဲ့ မုဒိမ်းကောင်တွေအတွက် ဒါက နောက်ဆုံး သတိပေးချက် ဖြစ်ကြောင်း၊ ဓားစာခံတွေကို လွှတ်ပေးပြီး လက်နက်ချကြဖို့နဲ့ မချရင် ဂါဇာ ဖျက်ဆီးခံ ရမယ့်အကြောင်း၊ အလုံးစုံ ဖျက်ဆီးခံရမယ့်အကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က လူမှုမီဒီ ယာ X ပေါ်မှာ ရေးသားခဲ့တာပါ။အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ နောက်ဆုံးသတိပေးချက် ထွက်ပေါ်လာပြီးနောက် မကြာခင်မှာပဲ ဟားမာ့စ် အဖွဲ့ကလည်း ညှိနှိုင်းဖို့ အသင့်ရှိတယ်လို့ ပြောထားတာပါ။

ဒါပေမဲ့ အစ္စရေး သိမ်းယူထားတဲ့ အရှေ့ဂျေရုစလင်ရှိ ဘတ်စကားမှတ်တိုင်တစ်ခုမှာ သေနတ်သမားတွေရဲ့ ပစ် ခတ်တိုက် ခိုက်မှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့တယ် လို့ အစ္စရေး အရေးပေါ်ဌာနက ပြောပါတယ်။ ဂါဇာစီးတီး အရပ်ဘက်ကာကွယ်ရေးအေဂျင်စီကလည်း စက်တင် ဘာ ၇ ရက်က ဒေသတစ်ဝန်း လူ ၄၈ ယောက် သေဆုံးခဲ့ ပြီးနောက် ညသန်းခေါင်အချိန် အစ္စရေးရဲ့ တိုက်ခိုက်မှု တွေကြောင့် လူ ၁၀ ယောက် သေဆုံးတယ်လို့ ပြောပါ တယ်။စစ်ပွဲ ရပ်တန့်ရေး နိုင်ငံတကာရဲ့ ဖိအားပေးမှု ပိုများလာပေမယ့် အစ္စရေးက စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်ထားပြီး ဂါဇာစီးတီးရှိ အထပ်မြင့် အဆောက်အဦတွေကို ပြားပြားဝပ်သွားတဲ့အထိ တိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ ပြင်ဆင်နေ ပါတယ်။




