ရုရှားဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနဲ့ စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားပြီး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ လိုလား တယ်လို့ ကရင်မလင်က ဇူလိုင် ၂၅ ရက်က ပြောပါတယ်။
ဒါပေမဲ့ ယူကရိန်းရဲ့ ရှင်းလင်းချက်တော့ လိုအပ်တယ်လို့ ကရင်မလင်က ဆိုပါတယ်။
မော်စကိုဟာ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိပြီး ဆွေးနွေးပွဲတွေကတော့ ပုံစံအမျိုးမျိုး ဖြစ်နိုင်တယ်လို့ ကရင်မလင် ပြောခွင့်ရသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောဆိုခဲ့တာပါ။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ရုရှားနဲ့ ဆွေးနွေးဖို့ ကိယက်ဗ်က ပြင်ဆင်ထားတယ်လို့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ရင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။
ကရင်မလင်က စည်းကမ်း ချက်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း အချက်ပြရင်းနဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ပါတယ်။
ဇယ်လန်းစကီးရဲ့ ရာထူးငါးနှစ်သက်တမ်းက မေလမှာ ကုန်ဆုံးခဲ့ပြီး ရွေးကောက်ပွဲ ခေါ်ယူသင့်တယ်လို့ ထောက်ပြထားပါတယ်။
စစ်ပွဲအတွင်း ပုံမှန်နိုင်ငံရေးစည်းမျဉ်း တွေ ဆိုင်းငံ့ထားဖို့ လိုအပ်တယ်လို့ ဇယ်လန်းစကီးနဲ့ အနောက်နိုင်ငံတွေက တုံ့ပြန်ခဲ့ပြီး ရုရှားရဲ့ တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားတဲ့ နိုင်ငံရေးစနစ်ကြောင့် ကရင်မလင်ဟာ ဝေဖန်နိုင်တဲ့ အနေအထားမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။