အခုနှစ်မှာ သင်္ကန်းနဲ့နိဗ္ဗာန်ကုန် ရောင်းအားက အရင်နှစ်ထက် ပိုတက်လာတယ်လို့ ရန်ကုန်မြို့က သင်္ကန်း အရောင်းဆိုင် ဈေးကွက်က သိရပါတယ်။လက်ရှိမှာ သင်္ကန်းပိတ် ဈေးနှုန်းအပါအဝင် ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်တာရယ် အထွေထွေ ထုတ် လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာတဲ့ သင်္ကန်းဈေးနှုန်းတွေက အမျိုးအစားအလိုက် ၅ ရာခိုင်နှုန်းလောက် ဈေးတက် လာတယ်လို့ သင်္ကန်းတိုက်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

သင်္ကန်းဈေးကွက်မှာ ကျပ် ၅ သောင်းကနေ ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးရှိတဲ့ သင်္ကန်းအမျိုးအစားတွေ ပို ရောင်း နေရတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။ဝါဆိုသင်္ကန်းကပ်လှူတဲ့ ရာသီနဲ့ ကထိန်သင်္ကန်း ကပ်လှူတဲ့ ရာသီချိန်တွေမှာသာ သင်္ကန်းအရောင်းအဝယ် ရှိတာ ဖြစ်ပါတယ်။

သင်္ကန်းတိုက် အများစုက ထုတ်လုပ်တဲ့ သင်္ကန်းတွေကို အပြစ်အနာအဆာ မရှိအောင် ချုပ်လုပ်လေ့ရှိပြီး သင်္ကန်း တိုက်အမှတ်သင်္ကေတတွေ ထည့်သွင်းချုပ်လေ့ရှိတယ်လို့ သင်္ကန်းတိုက်ပိုင်ရှင်တချို့က ပြောပါတယ်။ဒီနှစ်ပိုင်းတွေမှာ ကန်ထရိုက်တာတချို့က ဘုရားခန်းပါဝင်တဲ့ အဆောက်အဦဒီဇိုင်းတွေ ထည့်သွင်း ဆောက်လုပ် တာတွေ ရှိလာတာကြောင့် ဘုရားဆင်းတုတော်၊ ဘုရားကျောင်းဆောင် စတဲ့ နိဗ္ဗာန်ကုန်တွေလည်း အရောင်း အဝယ် ပိုကောင်းလာတယ်လို့ သိရပါတယ်။



