အိန္ဒိယဟာ ရုရှားကနေ ရေနံ ဆက်လက်ဝယ်ယူနေတာကြောင့် ယူကရိန်းစစ်ပွဲအတွက် ဘဏ္ဍာငွေ ထိရောက်စွာ ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုလာတာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

ယူကရိန်းနဲ့ရုရှားစစ်ပွဲကို ရပ်တန့်တာ မရှိခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို စီးပွားရေး ပိတ်ဆို့ဖို့ စီစဉ်နေသလို အိန္ဒိယကိုလည်း ရုရှားဆီကနေ ရေနံစိမ်းတွေ ဝယ်ယူနေတာကို ရပ်တန့်ဖို့ တားမြစ်ခဲ့ ပါတယ်။ ‘စျေးနှုန်း၊ ရေနံစိမ်းအဆင့်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးအချက်များ’ ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အခြေခံပြီး ဆုံးဖြတ်ချက်အရ အိန္ဒိယရေနံလုပ်ငန်းတွေဟာ ရုရှားက တင်သွင်းတဲ့ရေနံကို ဝယ်ယူမှု ရပ်တန့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယဟာ ရုရှားဆီက ရေနံဝယ်ယူပြီး ဒီစစ်ပွဲအတွက် ဘဏ္ဍာငွေဆက်လက်ထောက်ပံ့တာကို လက်ခံနိုင်စရာ မရှိပါဘူးလို့ ထရမ့်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာပါ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဝါရှင်တန်ရှိ အိန္ဒိယ သံရုံးက Reuters ရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်းတုံ့ပြန်ထားတာ မရှိသေးပါဘူး။ အမေရိကန် ခြိမ်းခြောက်မှုတွေ ကြားထဲက မော်စကိုကနေ ရေနံတွေ ဆက်လက်ဝယ်ယူသွားမှာဖြစ်တယ်လို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိပါတယ်။




