ယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့ နိုင်ငံရေးအရနဲ့ ညှိနှိုင်းဆွေးနွေးနိုင်မဲ့ ဖြေရှင်းနည်းတစ်ခုကို မိမိတို့ ဆက်လက်ရှာဖွေနေတယ်လို့ သမ္မတ ပူတင်ဘက်က ဇူလိုင်လ ၃ ရက်မှာ ပြောကြားလာတာကို Bloomberg သတင်းမှာ ပါရှိပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲကို ညှိနှိုင်းဆွေးနွေးအဆုံးသတ်ဖို့ ဆန္ဒရှိပေမဲ့ သူ့ရဲ့ မူလရည်မှန်းချက်ပန်းတိုင် တွေကိုလည်း စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဇူလိုင် ၃ ရက်က တယ်လီဖုန်းပြောဆိုမှုတခုအတွင်း ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရအိမ်တော် လက်ထောက်တစ်ယောက်က ပြောပါတယ်။ဖုန်းပြောဆိုမှုအတွင်း အီရန်နဲ့ အရှေ့အလယ်ပိုင်းအရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ယူကရိန်းမှာ စစ်ရေးလုပ်ဆောင်ချက်ကို ဆောလျင်စွာ အဆုံးသတ်ရေးကိစ္စကို ထရမ့်က ထပ်မံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုအတွင်း အရေးပါတဲ့ လက်နက်တွေ ယူကရိန်းကို တင်ပို့မှုတချို့ ရပ်ဆိုင်းတာနဲ့ပတ်သက်လို့ ပူတင်နဲ့ ထရမ့်တို့ တစ်စုံတစ်ရာ ဆွေးနွေးပြောဆိုခဲ့တာမျိုး မရှိဘူးလို့ ရုရှားအစိုးရအိမ်တော် လက်ထောက်တစ်ယောက်က ပြောပါတယ်။တစ်ဖက်မှာလည်း ရုရှားသမ္မတက ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတွေမှာ တိုးတက်မှု လုံးဝ မရှိခဲ့တာကြောင့် ပဋိပက္ခရဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့ မော်စကို ကို ဆက်လက်တွန်းအား ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားထားပါတယ်။




