အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ ISTAF WORLD CUP 2025 ပြိုင်ပွဲမှာ အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ကစားနည်းမှာ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တယ်လို မြန်မာနိုင်ငံ ပိုက် ကျော်ခြင်းအဖွဲချုပ်က သိရပါတယ်။ အဲဒီ ISTAF WORLD CUP 2025 ပြိုင်ပွဲကို မတ်လ(၂၀)ရက်ကနေ (၂၅)ရက် အထိ ကျင်းပနေတာဖြစ်ပြီး ပိုက်ကျော်ခြင်းကစားနည်း အမျိုးသမီး နှစ်ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းက အိန္ဒိယအသင်းကို အနိုင်ရယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

မြန်မာလက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းတွေဟာ အဲဒီပိုက်ကျော်ခြင်းပြိုင်ပွဲမှာ Men Double ၊ Men Quadrant ၊ Women Double ၊ Women Quadrant Mix Quadrant စတဲ့ ကစားနည်းတွေကို ပါဝင် ယှဉ်ပြိုင် နေတာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲတွေထဲက အမျိုးသမီးနှစ်ယောက်တွဲ Double Event မှာ (ရွှေတံဆိပ်)ဆု၊ အမျိုးသားနှစ်ယောက်တွဲ Double Event မှာ (ငွေတံဆိပ်)ဆုနဲ့ အမျိုးသားလေးယောက်တွဲ Quadrant Event မှာ (ကြေးတံဆိပ်) ဆုတွေ ရရှိထားပြီး ဖြစ်တယ်လိုလည်း သိရပါတယ်။