လွတ်လပ်မှု အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးအတွက် ရဲရဲဝံ့ဝံ့ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ယူကရိန်း သမ္မတ ဇယ်လန်စကီးကို မတ်လ ၁၉ ရက်က ဖင်လန်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ပေးအပ်ခဲ့ကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။ ဒီဂုဏ်ထူးဆောင်ဆုကို ဟယ်ဆင်ကီ မြိုတော်ကို လာရောက်တဲ့ ခရီးစဉ်မှာ ဂုဏ်ပြုပေးအပ်တာလို ဆိုပါတယ်။

ငြိမ်းချမ်းရေး၊ လုံခြုံရေး အကြောင်းပြချက်နဲ့ ဆိုဗီယက်အာဏာရှင် စတာလင်ရဲ့ နယ်မြေကျူးကျော် သိမ်းပိုက်မှုကို ခံခဲ့ရဖူးတဲ့ ဖင်လန်အနေနဲ့ ရုရှား ကျူးကျော်မှုကို တွန်းလှန်နေတဲ့ယူကရိန်းကို နယ်ပယ်စုံကနေ ကူညီပံ့ပိုးပေးသွား မယ်လိုလည်း ပြောကြားခဲ့ပါတယ်။ဖင်လန် အစိုးရဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀၀ ကျော် ကူညီပံ့ပိုး ပေးခဲ့သလို ဇယ်လန်စကီးရဲ့ ခရီးစဥ်မှာ လူထောင်ချီ နေနိုင်မယ့် မြေအောက် ဗုံးခိုကျင်းတွေ ကူညီတည်ဆောက်ဖို သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။