ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်အဆိုပြုချက်ကို မူအရသဘောတူကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က မတ်လ ၁၃ရက်နေ့က ပြောကြားကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။အပစ်ရပ်စဲရေး နဲ့ပတ်သတ်ပြီး အမေရိကန်အဆိုပြုချက်ကမှန်ကန်ပါတယ် ထောက်လည်းထောက်ခံတယ်လိုသမ္မတပူတင်က ပြောပါတယ်။ ဒါပေမယ့် ထပ်ပြီးတော့ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေ၊ အရာရှိတွေ ၊ တာဝန်ရှိကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို လိုအပ်တယ်လို ဆိုပါတယ်။

ဒါ့အပြင် ကာ့စ်ဒေသမှာ ယူကရိန်းတပ်တွေက နောက်ဆုံးခြေကုပ်စခန်းမှာ ဝန်းရံထားကြောင်း သမ္မတပူတင်က မှတ်ချက်ပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး မစတင်မီ လက်နက်ချဖိုလည်း လိုအပ်တယ်လို ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုဖြစ်နိုင်ခြေကို ထိန်းချုပ်ဖိုအတွက် ယန္တရားတစ်ခု ဖော်ဆောင်ဖို လိုအပ်တယ်လို သမ္မတပူတင်ကဆိုပါတယ်။ “တိုက်ပွဲတွေရပ်ဖို အဆိုပြုချက်တွေကို သဘောတူကြောင်း ၊ အပစ်အခတ်ရပ်စဲရေးဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီး အကျပ်အတည်းရဲ့ မူလဇစ်မြစ်ကို အမြန်ဆုံးရှာဖွေသင့်ကြောင်းလည်း ” သမ္မတပူတင်က ပြောကြားထားပါတယ်။

သမ္မတထရမ့်ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူဖို ရုရှားအပေါ် မူတည်တယ်လို ပြောကြားထားပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ငြင်းဆိုပါက ရုရှားအပေါ် ပိတ်ဆိုအရေးယူမှုအသစ်တွေထပ်မံဆောင်ရွက်သွားမယ်လို ခြိမ်းခြောက်မှုပြောဆိုထားပါတယ်။