ရုရှားဖက်ဒရေးရှင်းနဲ့ ဘီလာရုစ်နိုင်ငံတွေကို နိုင်ငံတော်အဆင့် ခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၉ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက ရုရှားနိုင်ငံ၊ နိုဗိုစီဘစ်ရ်စ်ခ်မြို့၊ သာမာရှဲဗာလေဆိပ်ကနေ နေပြည်တော်ကို ပြန်လည် ထွက်ခွာလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၉ရက် ဒေသစံတော်ချိန်မနက်ပိုင်းက နိုဗိုစီဘစ်မြို့၊ ဒေသအစိုးအရအဖွဲ့အကြီးအကဲ မစ္စတာအန်ဒရေထရက်ဗ်နီကော့ဗ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နိုဗိုစီဘစ်ရ်စ်ခ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲကိုတက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။