မြန်မာနိုင်ငံကပေါင်းဆန်တွေကို ရုရှားနိုင်ငံကို တင်ပို့ရေးနဲ့ ရုရှားနိုင်ငံကနေ ဓာတ်မြေဩဇာဝယ်ယူရေးအတွက် မြန်မာနိုင်ငံက Starbanner ကုမ္ပဏီလီမိတက်နဲ့ ရုရှားနိုင်ငံဘက်က Tabiya Limited Liability Company တို့အကြား မတ်လ ၆ ရက်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ မတ်လ ၅ ရက်က ကျင်းပခဲ့တဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်မှာ ဆွေးနွေးညှိနှိုင်းချက်အရ အခုလို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလက်မှတ်ရေးထိုးပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကုန်သည်စက်မှုအသင်းချုပ်နဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက် ကြပါတယ်။

နားလည်မှုစာချွန်လွှာကို Starbanner ကုမ္ပဏီလီမိတက်ရဲ့ဒါရိုက်တာ ဦးမောင်မောင်ကျော်နဲ့ Tabiya Limited Liability Company က မစ္စတာ Morozov Ilya တို့က လက်မှတ်ရေးထိုးခဲ့တာြဖစ်ပါတယ်။