ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ နေ့က ဂါဇာတောင်ပိုင်းကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ရဲအရာရှိသုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းနှင့် အစ္စရေးဘက်က သတင်းထုတ်ပြန်ချက်တွေကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းကို ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ရဲအရာရှိတွေသေဆုံးခဲ့တာပါ။

အဆိုပါတိုက်ခိုက်မှုက ဂါဇာရှိ လက်နက်ကိုင်အဖွဲ့အစည်းအများအပြားကို ပစ်မှတ်ထားတာဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာ အရှေ့ဘက် အယ်ရှော်က (Al-Shawka)ဧရိယာအနီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနေစဉ်မှာ အရာရှိတွေ ကို ထိမှန်ခဲ့တာလို့ ပါလက်စတိုင်း ပြည်ထဲရေးနှင့် အမျိုးသားလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇန်န၀ါရီ ၁၉ ရက်က စတင်အသက်ဝင်ခဲ့တဲ့ ဟားမာ့စ်နဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး အစ္စရေးဘက်က ဂါဇာကို လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်နေတာဖြစ်ပါတယ်။