ဇွန်လ(၂၅)ရက်နေ့က ကစားခဲ့တဲ့ စလိုဗေးနီးယားအသင်းနဲ့ ယူရို(၂၀၂၄)အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂိုးမရှိသရေ ရလဒ်သာရခဲ့ပြီးနောက် အင်္ဂလန်အသင်းရဲ့ခြေစွမ်းကို ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။
အင်္ဂလန်အသင်း ဟာ ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမရှိခဲ့ တာကြောင့် ပရိသတ်တွေက အခုလို ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
အုပ်စုတွင်းပွဲစဉ်(၃)ပွဲကစားခဲ့ရာမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပေမယ့် (၁)ပွဲသာအနိုင်ရခဲ့သလို သွင်းဂိုးကလည်း (၂)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်း ပရိသတ်တွေက စိတ်ပျက်နေကြတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ အုပ်စုတွင်းပွဲစဉ် တွေမှာ အသင်းရဲ့ခြေစွမ်းက စိတ်ပျက်စရာကောင်းခဲ့ပေမယ့် နောက်ပွဲစဉ်တွေမှာ ကစားပုံကောင်းမွန်လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။