၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို ကျွမ်းကျင်လုပ်သားတွေ စေလွှတ်မှုဟာ ပြီးခဲ့တဲ့နှစ်ထက် တိုးလာနိုင်တယ်လို့ ဂျပန်ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီကနေ သိရပါတယ်။ ဂျပန်နိုင်ငံက ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူရာမှာ ဘိုးဘွားရိပ်သာ၊ စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ သန့်ရှင်းရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုပ်သားခေါ်ယူမှု ပိုများတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက အေဂျင်စီ တော်တော်များများကလည်း ဂျပန်အလုပ်ခေါ်စာတွေ ရရှိနေကြပြီး အရည် အချင်းစစ် စာမေးပွဲတွေလည်း အများဆုံး အောင်မြင်ကြတယ်လို့ Silver Crane ဂျပန်ပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုအေဂျင်စီက ဦးစိုင်းစည်သူက ပြောပါတယ်။ ဒါ့အပြင် ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ၉၀၀ ကျော်ခေါ်ယူသွားဖို့အတွက် အလုပ်ကမ်းလှမ်း စာတွေလည်း ပေးပို့ထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။